Wednesday, June 7, 2017

မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များအား အသင်းဝင်ဝတ်စုံများပေးအပ်

တံတားဦး ဇွန် ၇
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မြို့နယ်အလုပ်မှုဆောင်နှင့် အဖွဲ့ဝင်များ အား တူညီဝတ်စုံပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ကြည်ကြည်ခိုင်ခိုင်က အမှာစကားပြောကြားရာ တွင် ယခုလိုပေးအပ်ခြင်းသည် ယခင်မိခင်နှင့်ကလေး အသင်းရှောက်ရေးအသင်း ၀တ်စုံအစား ပြောင်းလဲသတ်မှတ်သည့် ၀တ်စုံကိုသာ ၀တ်ဆင်ကြရန် လိုအပ်ကြောင်း ဒါ့အပြင်မိမိတို့အသင်းအနေဖြင့် ကျေးရွာများအရောက် လူမှုရေး လုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပေးအပ်ထားသည့် တူညီဝတ်စုံကိုဝတ်ဆင်ပြီး ၀ိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပြီးအသင်းဝင်များအား တူညီဝတ်စုံများနှင့် ရင်ထိုးတံဆိပ်များ ပေးအပ်ရာ အသင်းဝင်ဒေါ်ဥမ္မာညွန့်က လက်ခံရယူပြီး အသင်းဝင်ဒေါ်ခင်ချိုဦးက ကျေးဇူးတင်စကားပြောကြားသည်။ ယနေ့ ပေးအပ်သည့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း မြို့နယ်အလုပ်အမှုဆောင်များနှင့် အသင်းဝင် (၄၀) ဦးတို့အား တစ်ဦးလျှင် ၀တ်စုံ (၁) စုံစီကို မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောင့်ရှောက်ရေးအသင်းဥက္ကဌမှ အသင်းဝင်များ လက်ဝယ် အရောက် ၀တ်စုံများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်) 

No comments:

Post a Comment