ညောင်တုန်း
ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်
စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ မြို့နယ်အခြေခံပညာ ဦးစီးဌာနနှင့်
မြို့နယ်ပြန်/ဆက် ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား
အသိပညာ ပေးဟောပြောပွဲကို ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် ချောင်းကြီးကျေးရွာ အခြေခံပညာ
အထက်တန်းကျောင်း၌
ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
ဦးအောင်လွင်က စားသုံးသူအကာ အကွယ်ပေးရေး အကြောင်း၊ အခွင့်အရေးများနှင့် သတိပြုရမည့်အချက်များ၊
အန္တရာယ်ရှိသောဆိုးဆေးများပါ
အစား အသောက်များမှ ရရှိနိုင်သည့် ဆိုးကျိုးများအကြောင်းကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊
မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ စာထောက်-၃ ဒေါ်အမာရှိန်မှ စာကြည့်တိုက်အကြောင်း၊ ကျောင်းသား၊
ကျောင်းသူများ စာပေဖတ်ရှုခြင်းကျိုးများကို ပြောကြားခြင်း၊ ထို့နောက် မြို့နယ်စည်ပင်သာယာရေး
ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုမွန်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းပတ်ဝန်းကျင်
သန့်ရှင်းရေးအတွက် အမှိုက်များကို အမှုက်ပုံးအတွင်း စနစ်တကျစွန့်ပစ်ခြင်းစသည့် အကြောင်းအရာများ
ကို ဟောပြောပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး
ဦးအောင်လွင်နှင့် ပူးပေါင်းအဖွဲ့များသည် ကျောင်းမုန့်ဈေးတန်း၌ မုန့်များရောင်းချနေသူများအား
ရက်လွန်နေသောမုန့်များအား ရောင်းချခြင်းမပြုရန်၊ အစားအစာများကို သန့်ရှင်းစွာရောင်းချရန်
အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
No comments:
Post a Comment