Wednesday, June 7, 2017

သီတဂူ ဗုဒ္ဓဝါဒအခြေခံသင်တန်းကျောင်း ဆောက်လုပ်နိုင်ရန် ကျပ်သိန်း ၇ဝဝဝ ခန့် တန်ဖိုးရှိ မြေ ၆ ဧကကျော် လှူဒါန်း

ဒလ ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ သီတဂူဗုဒ္ဓဝါဒအခြေခံသင်တန်းကျောင်းကြီး ဖွင့်လှစ်နိုင်ရေးအတွက် ကျပ်သိန်း ၇ဝဝဝ ခန့် တန်ဖိုးရှိ မြေ ၆ ဧကကျော် ကိုဖိုးပြုံးချို ပရဟိတဖောင်းဒေးရှင်း မိသားစုတို့က သီတဂူဆရာတော်ဘုရားကြီး၏ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်  မြေနေရာကို ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း ဇွန် ၆ ရက်နေ့ နံနက်က သီတဂူဗုဒ္ဓဝါဒအခြေခံသင်တန်းကျောင်း ဗွီးနိုင်းပါ ဆိုင်းဘုတ်များကို ဒလမြို့နယ် သပြေကုန်ကျေးရွာအုပ်စု အတွင်းရှိ ကွင်းအမှတ်(၁၈၆)တွင် အလှူရှင်များနှင့် သီတဂူဆရာတော်၏ အတွင်းရေးမှူး ဦးကျော်ရှိန်နှင့် တာဝန်ရှိသူများက တည်ဆောက်မည် မြေနေရာတွင် စိုက်ထူခဲ့ကြောင်း သိရသည်။

သီတဂူ ဗုဒ္ဓဝါဒအခြေခံသင်တန်းကျောင်းကြီးအတွက် မြေလှူဒါန်းခြင်းနှင့် ပတ်သက်၍ ဒေါက်တာကျော်လွင်က " ကျွန်တော် ဒီမြေကို ၂ဝ၁၂ ခု စပြီးဝယ်ပါတယ် ၂ဝ၁၆ ခုနှစ်က ဆရာတော်ဘုရားကြီးကို လှူဒါန်းခဲ့တာပါ ရည်ရွယ်ချက်အနေနဲ့က ဒီဒေသမှာ ဆင်းရဲချို့တဲ့သူတွေ အရမ်းများပါတယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေနဲ့ နေစရာအိမ်မရှိတဲ့ ကျူးကျော်သူတွေ များပါတယ်၊ နောက်ပြီး နွေရာသီဆို ရေရှားပါးတဲ့ ဒေသဖြစ်တယ် ဒါကြောင့် ဒီမြေနေရာကို သီတဂူဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများ ထွန်းကားကျယ်ပြန့်စေခြင်းတာရယ်၊ ကိုယ်ရဲ့ပရဟိတလုပ်ငန်းလည်း လုပ်ဖြစ်သွားတာရယ် ကြောင့် လှူဒါန်းခြင်းဖြစ်ကြောင်း" ပြောကြားခဲ့သည်။
သီတဂူ ဗုဒ္ဓဝါဒအခြေခံသင်တန်းကျောင်းကြီးတွင် ဘုန်းတော်ကြီးပညာသင်ကျောင်း၊ ကိုရင်ကျောင်း၊ သီလရှင်ကျောင်း၊ အခမဲ့ဆေးပေးခန်း၊ ဘိုးဘွားရိပ်သာများ၊ တရားစခန်းများနှင့် အခြားပရဟိတလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့် ပွင့်လင်းရာသီ သီတင်းကျွတ်ကာလတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ သီတဂူ ဆရာတော် ဘုရားကြီးသည် မြန်မာနိုင်ငံအတွင်းရှိ  စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ တောင်ငူမြို့နယ်နှင့် ရန်ကုန်မြို့နယ်တို့၌ သီတဂူ ဗုဒ္ဓတက္ကသိုလ်ကျောင်းကြီးများကို ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပြီး၊ သီတဂူအခြေခံသင်တန်းကျောင်းများကို မြို့နယ်များ၌ ဖွင့်လှစ်လျက်ရှိကြောင်း ယင်းကပြောသည်။
အဆိုပါ ဖိုးပြုံးချို ပရဟိတဖောင်းဒေးရှင်းအနေဖြင့် ဖျာပုံ၊ ကျိုက်လက်၊ မအူပင်၊ ဘိုကလေး၊ ဒေးဒရဲမြို့နယ်များ၌ လူနာတင်ကားများဖြင့် လူနာများအား အခမဲ့သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး၊ ကျိုက်လက်မြို့နယ်တွင် သားသမီး ကျောထောက်နောက်ခံ မရှိသော ဘိုးဘွားများကို တစ်လလျင် ငွေကျပ် တစ်သောင်းခွဲနှင့် ဆေးရုံ၌ ဆေးကုသမှုခံယူသော ဘိုးဘွားများကို ငွေကျပ်လေးသောင်းခန့် ကူညီလျက်ရှိပြီ လစဉ် ဘိုးဘွား(၃၈)ဦး ရှိကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment