Tuesday, June 20, 2017

မြစ်သားမြို့သို့ မှုခင်းအသိပညာပေး (၁၀)ဘီး ပြခန်းယာဉ် လာရောက်ပြသ



မြစ်သား    ဇွန်    ၂၀
မနလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးသည် ကျောင်းသားများနှင့် ပြည်သူများအား မှုခင်းအသိပညာများ သိရှိရန်၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး အသိပညာများရရှိစေရန် ရည်ရွယ်မှုခင်းအသိပညာပေး (၁၀)ဘီးပြခန်း ယာဉ်ကို စီစဉ်လျက် ဒေသအတွင်းလှည့်လည် အသိပညာပေးလျက်ရှိရာ ဇွန် ၂၀ ရက်နေ့တွင် မြစ်သားမြို့ ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့နံနက် ၈ နာရီ မိနစ် ၃၀ မှ ၁၀ နာရီ မိနစ် ၃၀ အထိ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများကို လာရောက်ပြသခဲ့ကြောင်း သိရသည်။

ထိုသို့လာရောက်ပြသရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သက်စိုးက မူးယစ်ဆေးဝါးအနရာယ်၊ မြို့မစခန်းမှူး ဒုတိယရဲမှူးစိုးလွင်ဦးက သက်ငယ်မုဒိမ်းမှုကျဆင်းရေး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၉၂)မှ ဒုတိယရဲမှူးခင်မောင်မြင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် အမှတ်(၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ်ထင်အောင်ရဲမြင့်က လူကုန်ကူးမှု တားဆီးကာကွယ်ရေးအကြောင်းများကို ဟောပြောခဲ့ကြသည်။ ဆက်လက်အသိပညာပေးပြခန်းယာဉ် ပေါ်တွင် ပြသထားသော မူးယစ်ဆေးဝါးပြခန်း၊ မှုခင်းပညာပေးပြခန်း၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းပြခန်းနှင့် လူကုန်ကူးမှုပြခန်းတို့အား ပြခန်းတာဝန်ခံ ရဲမေများနှင့် ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းပြောပြကြရာ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက လေ့လာကြည့်ရှုကြပြီး ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူ (၆၀၀)ကျော်အား ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ မှုခင်းကျဆင်းရေးနှင့် လူကုန်ကူးမှု တားဆီးရေး လက်ကမ်းများကို ရဲတပ်ဖွဲ့ဝင်တို့က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲဝင်းထွန်း(မြစ်သား)

No comments:

Post a Comment