Tuesday, June 20, 2017

စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအကာအကွယ်ပေးရေးအကြောင်း သိကောင်းစရာများ ဟောပြော



ကျောက်ဆည်   ဇွန်  ၂၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင် စာသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူ အကာကွယ်ပေးရေး ဆိုင်ရာများကို ရဲစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန်လ(၂၀)ရက် မွန်းလွဲ(၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


ကျောက်ဆည်ခရိုင်၊ စာသုံးသူရေးရာဦးစီးဌာန၊ ဒုတိယခရိုင်မှူး ဦးမောင်ထူးက ကုန်စည်(သို့)ဝန်ဆောင်မှုနှင့်ပတ်သက်၍ ထိခိုက်မှု၊ ဆုံးရှုံးမှု၊ နစ်နာမှုရှိလျှင် တိုင်ကြားနိုင်ကြောင်း စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်မှုစင်တာအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ဖွင့်လှစ်ဆောင်ရွက်နေကြောင်း ပြောကြားသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူးဦးဇော်မင်းလတ်က စားသုံးသူ အကာကွယ်ပေးရေးဥပဒေ၊ စားသုံးသူများ အခွင့်အရေး သတိပြုရန်အချက်များ၊ ကုန်ပစ္စည်းထုတ်လုပ်ရာတွင် ပါဝင်ရမည့်အချက်(၁၇)ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ စားသုံးအငြင်းပွားဖြေရှင်းရေး၊ လုပ်ငန်းရှင်များအတွက် တားမြစ်ချက်များကို (Projector) ဖြင့် ရှင်းလင်းပြောကြား၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျောက်ဆည်မြို့နယ် လက်ထောက်ကျန်းမာရေးမှူး ဒေါ်ဆန်းမာက စားသုံးသူများ ကျန်းမာရေးနှင့်ကိုက်ညီသော အစားအစာများ စားသုံးရန်နှင့် ကျောင်းကျန်းမာရေးဆိုင်ရာများ ပြောကြားပြီး စားသုံးသူရေးရာ အကာကွယ်ပေးရေး လက်ကမ်းစာစောင်များ အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment