Friday, June 23, 2017

အတက်ရောဂါအကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြော



ကျောက်တလုံးကြီး     ဇွန်       ၂၃
အတက်ရောဂါ ကာကွယ်ကုသဖို့ မျှော်မှန်းချက်ထားလို့ ကြိုးပမ်းစို့ဟူသည့် မြန်မာနိုင်ငံ အတက်ရောဂါစီမံချက်ဖြင့် ဇွန်လ(၂၃)ရက် နံနက်(၁၀)နာရီက ကျောက်တလုံးကြီးမြို့၊ ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့ဆေးရုံ ကျောက်တလုံးကြီးမြို့မှ ဆေးရုံအုပ်ကြီး ဦးနေမင်းအောင်မှ အမှာစကား ပြောကြား၍ လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ ဦးကျော်စောမှ အတက်ရောဂါအတွက် ဆောင်ရန်၊ ရှောင်ရန်များ၊ မှားယွင်းသော အယူဆန္ဒများ၊ တက်နေသော လူနာအား အရေးပေါ်ကုသခြင်းများစသည့် အတက်ရောဂါအကြောင်း သိကောင်းစရာများကို ပအိုဝ်းဘာသာဖြင့် ပြောကြားပြီး အတက်ရောဂါ၊ ငှက်ဖျားရောဂါ စသည့် ပညာပေးဇာတ်လမ်းတို များအား ဗဟုသုတ ရရှိနိုင်စေရန် ဗီဒီယိုပြသပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းရာ ဆေးရုံအုပ်ကြီး ဦးနေမင်းအောင်မှ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲသို့ ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ ပြည်သူ့ဆေးရုံ ကျောက်တလုံးကြီးမြို့မှ ဆေးရုံအုပ်ကြီး ဦးနေမင်းအောင်နှင့် တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ ရပ်မိရပ်ဖများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ခွန်အာကာ(ကျောက်တလုံးကြီး)

No comments:

Post a Comment