Friday, June 23, 2017

အိမ်တိုင်ရာရောက် ရေပေးဝေနိုင်မည့် ရေစင်နှင့် ရေမီတာအသုံးပြုရေပိုက်လိုင်းတည်ဆောက်



ဘုတလင်  ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ထနောင်းကုန်းကျေးရွာအုပ်စု၊ ပိုးကုန်းကျေးရွာတွင် အိမ်တိုင်ရာရောက် ရေပေးဝေနိုင်မည့် အလျား(၁၂)ပေ၊ အနံ(၁၂)ပေ၊ အမြင့်(၂၀)ပေရှိ ဂါလံ(၁၆၀၀)ဆံ့ ရေစင်တည်ဆောက်ခြင်းနှင့် ရေမီတာသုံး ရေပိုက်လိုင်းများ သွယ်တန်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခွင့်ပြုငွေ (၆.၁)သန်း၊ ပြည်သူထည့်ဝင်ငွေ (၇.၀)သန်းတို့ဖြင့် တည်ဆောက် လျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်  သောက်ရေ/သုံးရေ ရရှိဖို့အတွက် ခက်ခက်ခဲခဲနဲ့ မိုးရေ သိုလှောင်ထားတဲ့ မြေသားရေကန်တွေမှာ ရေစည်လှည်း၊ ရေထမ်းပုံးတွေနဲ့  သွားရောက် ခပ်ယူသုံးစွဲ ရပါတယ်။  ယခုလို အိမ်တိုင်ရာရောက် အသုံးပြုနိုင်မယ့် ရေစင်နှင့် ရေပိုက်လိုင်းတွေ တည်ဆောက်ပေးတာကို မြင်ရတော့ အရမ်းဝမ်းသာမိတယ်'' ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကျေးရွာတွင် အိမ်ခြေ(၈၀)ရှိပြီး ရေစင်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများကို ဇွန်လ(၂၃)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကာ ဇူလိုင်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးဝင်းဆန်း၏ ပြောကြားချက်အရ သိရသည်။
ဇော်ဖြိုး(ဘုတလင်)

No comments:

Post a Comment