Thursday, June 22, 2017

မြို့နယ်အဆင့် သန်းခေါင်စာရင်းအချက်အလက်များ အသိပညာပေး အလုပ်ရုံဆွေးနွေး



နေပြည်တော်      ဇွန်          ၂၂
နေပြည်တော် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်တွင် ၂ဝ၁၄ ခုနှစ် မတ်၊ ဧပြီလများတွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအချက်အလက်များနှင့်ပတ်သက်၍ မြို့နယ်အဆင့် အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ဇွန် ၂၂ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင်  မြို့နယ်သန်းခေါင်းစာရင်း ကော်မတီဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးညီညီအောင်က  အမှာစကား ပြောကြားပြီး ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ညိုမှ   သန်းခေါင်စာရင်း အချက်အလက်များသည် အရေးကြီးသော အချက်အလက်ဖြစ်၍ လူဦးရေ အချက်အလက်များသာမက အိမ်နှင့်အိမ်ထောင်စု အကြောင်းအရာ၊ လူမှုစီးပွားရေး  အချက်အလက်များ၊ မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းသွားလာခြင်းစတဲ့ အခြေခံအချက်အလက်များကို အခြေခံ၍ နိုင်ငံရဲ့လက်ရှိအနာဂတ်ဖွံ့ဖြိုးရေး စီမံကိန်းများရေးဆွဲရာတွင် အရေးပါသော အချက်များအား အသုံးပြုနိုင်ရေးတို့ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့   နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူး  ညွှန်ကြားရေးမှူး ဦးထိန်ဝင်း၊ ဥတ္တရခရိုင် ဦးစီးမှူး ဦးဇော်ဝင်းမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆွေးနွေးပွဲ တက်ရောက်ကြမည့် ဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ တက်ရောက်ကြပြီး ဆွေးနွေးပွဲတွင် သန်တင်းသား/သင်တန်းသူ (၆၀)ဦး အား ဆရာ(၅)ဦးမှ (၂) ရက်ကြာ ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်

No comments:

Post a Comment