Friday, June 16, 2017

စဥ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

စဥ့်ကိုင် ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆောင်ရွက်ရန်ကျန်ရှိနေမှုများအား ယမန်နေနံနက် (၁၀) နာရီက မြစိမ်းရောင်ကျေးရွာများဖြစ်သော သပြေရိုးကျေးရွာ၊ ဧည့်ပြကျေးရွာနှင့် ကျွန်းဦးကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်း၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေ၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ခင်မာစန်းနှင့် ၀န်ထမ်းများက ကွင်းဆင်းစစ်ဆေးရာ ကျေးလက်ဦးစီးမှူးက လမ်း၊ တံတား ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့်ကျန်ရှိနေသော လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းက ဆောင်ရွက်ပေးရန် လိုအပ်သောဒေသ ဖွံဖြိုးရေးလုပ်ငန်း များကို ညှိနှိုင်းဆွေးနွေးပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက ဆောင်ရွက်နေသည့်လုပ်ငန်းများအား အရည်အသွေးပြည့်မှီရေး  စနစ်တကျစစ်ဆေးသွားရန် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

No comments:

Post a Comment