Friday, June 16, 2017

လေပြင်းတိုက်ခတ်မှုကြောင့် ထီးတော်မြေခခဲ့သော ကြို့ပင်သာဆုတောင်းပြည့်ကပ်ကျော်စေတီအား ပြန်လည်ပြုပြင်မွမ်မံ ဆောင်ရွက်

ကနီ ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မိုးဦးကာလ မေလအတွင်းတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ရာ မေလ ၆ ရက်နေ့က မိုးသည်းထန်စွာရွာပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကနီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ကြို့ပင်သာ ဆုတောင်းပြည့်ကပ်ကျော်စေတီမှ သပိတ်မှောက်အထက်ဘက်မှ ပြတ်ကျ၍ ထီးတော်မှာ မြေခခဲ့ရသည်။ ယင်းစေတီအား ဇွန် ၁၅ ရက်နေ့မှ၍ ပြန်လည်ပြုပြင်မွမ်မံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆုတောင်းပြည့်ကပ်ကျော်စေတီအား ပြန်လည်ပြုပြင်မွမ်းမံရန် အမှတ်(၃)ရပ်ကွက်မှ အလှူရှင် ဦးလှဌေး၊ ဒေါ်ခင်ဌေးမြင့် မိးသားစုတို့မှ မတည်လှူဒါန်းပြီး ရပ်ကွက်အတွင်းမှ အလှူရှင်များစုပေါင်း လှူဒါန်းမှုများဖြင့် အမှတ်(၃)ရပ်ကွက် ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော် ဦးသီရိန္ဒ ဦးဆောင်ကြီးကြပ်၍ ပြန်လည်မွမ်းမံတည်ထား ကိုးကွယ်မည်ဖြစ်ကြောင်း သိရသည်။
" ဒီကြို့ပင်သာဆုတောင်းပြည့်ကပ်ကျော်စေတီဟာ အဘတို့လူမသိတသိအရွယ် ငယ်စဉ်က ရပ်ကွက်ထဲမှ ကလေးလူကြီး အားလုံလိုလို ကျောက်ရောဂါခေါ်တဲ့ ကျောက်ပေါက်နာများဖြစ်ပွားခဲ့တာတဲ့ ဒီလိုရောဂါ ဖြစ်ပွားမှုများ ပျောက်ကင်းကြပါစေဆိုပြီး ဆုတောင်းကာ အရင်ဆုံးကိုးတောင်ပြည့် သဲပုံစေတီလေးကိုတည်ထား ကိုးကွယ်ခဲ့ကြတယ်။ စေတီလေး တည်ထားကိုးကွယ်တဲ့ အချိန်ကစ၍ ကျောက်ရောဂါများတစ်ဖြည်းဖြည်း ပျောက်ကင်းသွားကြတယ်။ ယခင်က ဒီစေတီလေးဘေးမှာ ကြို့ပင်ကြီးတွေ အများအများရှိခဲ့ဒါကြောင့် ကြို့ပင်သာဆုတောင်ပြည့် ကပ်ကျော်စေတီလို့ ခေါ်ကြတာပါ"ဟု အသက်ကိုးဆယ်ကျော် အဘကြီး တစ်ဦးထံမှ သိရသည်။
အဆိုပါ ကြို့ပင်သာဆုတောင်းပြည့် ကပ်ကျော်စေတီကိုနှစ်စဉ် တပိုတွဲလပြည့်နေ့တွင် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို ကျင်းပမြဲ ဖြစ်ကာ ယခုအခါ ပြန်လည်ပြုပြင်မွမ်းမံခြင်းကို မတည်အလှူရှင်နှင့် စုပေါင်းအလှူးရှင်များဖြင့် စေတီကိုရှစ်မျက်နှာစေတီအဖြစ် ဘုရားပွဲအမီ ပြန်လည်ပြုပြင်မွမ်းမံတည်ထား ကိုးကွယ်မှာဖြစ်ပါတယ်ဟု ဓမ္မရက္ခိတ ကျောင်းတိုက်ဆရာတော် ဦးသီရိန္ဒထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်) 

No comments:

Post a Comment