Saturday, June 24, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြို ဂုဏ်ပြု သည့်အနေဖြင့် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်




ကော့သောင်း  ဇွန်  ၂၄
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့်  ကော့သောင်းမြို့ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းကာ အဏ္ဍဝါရပ်ကွက် ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းဝင်းအတွင်း  ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် ကော့သောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇော ဦးဆောင်မှုဖြင့် ခရိုင်နှင့်  မြို့နယ်ရဲတပ်ဖွဲ့ ၊ မူးယစ်တပ်ဖွဲ့ ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့မှ အရာရှိ နှင့် တပ်ဖွဲ့ဝင်များ ၊ တပ်ဖွဲ့ဝင်မိသားစုများ အင်အား (၇၉)ဦး၊  ဆရာ/ဆရာမကျောင်းသားကျောင်းသူများ ပူးပေါင်းကာ သွေးလွန်တုပ်ကွေး ၊ ငှက်ဖျား နှင့် ဇီကာဗိုင်းရပ် စသည့် ရောဂါဘယများ ကင်းဝေးစွာ  ပညာသင်ကြားနိုင်ရေး အဆိုပါကျောင်းဝင်းနှင့် ကျောင်းပတ်ဝန်းကျင် ခြင်မခိုအောင်းနိုင်ရေး ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း ၊ အမှိုက်များရှင်းလင်းပေးခြင်း ၊ အမှိုက်များအား မော်တော်ယာဉ်များဖြင့် သတ်မှတ်အမှိုက်စွန့်ပစ်သည့်နေရာသို့ ပို့ဆောင်ရှင်းလင်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment