Saturday, June 24, 2017

ဝမ်းတွင်းမြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ယက်အသင်းကြီးမှ နိုင်ငံတကာအဆင့်မှီ အရေးပေါ် အသက်ကယ်ဆယ်ရေး သင်တန်း ဆင်းပွဲကျင်းပ



ဝမ်းတွင်း ဇွန်  ၂၄
မန္တလေးတိုင်းဒေသကြီး၊ ၀မ်းတွင်းမြို့နယ် မြန်မာနိုင်ငံ လူမှု့ကယ်ဆယ်ရေးအဖွဲ့ချုပ် အထက်မြန်မာပြည်နှင့် ဝမ်းတွင်း မြို့နယ်လုံးဆိုင်ရာ ပရဟိတကွန်ယက်အသင်းကြီးမှ ကြီးမှူး ဖွင့်လှစ်သော နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက် ကယ်ဆယ်ရေး သရုပ်ပြပွဲကို ဇွန်လ(၂၃)ရက်နေ့ နံနက်(၉)နာရီက ဝမ်းတွင်းမြို့အလည်ဂိတ်လမ်းဆုံတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

သရုပ်ပြပွဲတွင် သဘာဝဘေးအရေးပေါ် တစ်ခုခုကြုံခဲ့လျှင် အချိန်နှင့်တစ်ပြေးညီ နည်းလမ်းတကျ ကူညီဆောင် ရွက်နိုင်ရန်အတွက် လက်တွေ့သရုပ်ပြသခဲ့ကြသည်။ ဆက်လက်၍ မွန်းလွဲ(၂)နာရီတွင် မြတ်ညီနောင် ဇာတ်ရုံဝန်းအတွင်း သင်တန်းဆင်းပွဲ ကျင်းပရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းထက်တို့က အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံ လူမှု့ကယ်ဆယ်ရေးအဖွဲ့ချုပ် ဗဟိုနာယက ဦးလှအောင်(ချမ်းမြသုခ)မှ ဂုဏ်ပြုဝမ်းမြောက်စကားပြောကြားပြီး သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်း လွှာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ လူမှု့ကယ်ဆယ်ရေး အဖွဲ့ချုပ် အထက်မြန်မာပြည်တာဝန်ခံ သင်တန်းမှူး ဦးလှိုင်မင်းဦးမှ သင်တန်းသူ သင်တန်းသားများအား နှုတ်ဆက်စကားပြောကြားပြီး ဆုများပေးအပ်ချီးမြှင့်ရာတွင် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နေရာအလိုက် အကောင်းဆုံးဆုများကို တာဝန်ရှိသူ အသီးသီးက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)

No comments:

Post a Comment