Friday, June 9, 2017

၂၀၁၇-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်မည်

နေပြည်တော် ဇွန် ၉
၂၀၁၇ ခုနှစ် မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ   အောင်စာရင်းများကို  ဇွန် ၁၇ ရက် (စနေနေ့)နံနက် (၆)နာရီတွင် ထုတ်ပြန်ကြေညာ မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါအောင်စာရင်းများကို သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာန ကျောင်းများတွင် တစ်ချိန်တည်း ကပ်ထားမည်ဖြစ်သည့်အပြင် အင်းစိန် မြို့နယ်၊  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၊ကမာရွတ်မြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊လမ်းမတော်မြို့နယ် ၊ အမှတ်(၁) အခြေခံပညာအထက် တန်းကျောင်း ဒဂုံမြို့နယ် ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့်သင်္ကန်း ကျွန်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင်လည်း တိုင်းဒေသကြီး /ပြည်နယ်များ၏ အောင်စာရင်းများကို ကပ်ထားပေးမည်ဖြစ်သည်။
တိုင်းဒေသကြီး / ပြည်နယ်အလိုက် အောင်စာရင်းများအား သက်ဆိုင်ရာ တိုင်ဒေသကြီး/ ပြည်နယ် ပညာရေးမှူးရုံးများတွင်လည်းကောင်း၊ ခရိုင်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးများတွင်လည်းကောင်း၊ မြို့နယ်အလိုက် သိရှိလိုပါက သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင်လည်းကောင်း ဇွန် (၁၇) ရက် နံနက် (၆)နာရီနောက်ပိုင်းတွင် စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် အောင်စာရင်း ထုတ်ပြန်မည့် ဇွန်(၁၇) ရက် နံနက်(၆) နာရီတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန  Website ဖြစ်သော www.myanmarexam.org တွင် ၀င်ရောက်ကြည့်ရှုနိုင်ရန် စီစဉ်ထားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment