Friday, June 9, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် (၁၄)ကြိမ်မြောက် အာရှသတင်းမီဒီယာ ထိပ်သီး အစည်းအဝေးမှပြန်လည်ရောက်ရှိ


ရန်ကုန် ဇွန် ၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ချင်းတောင်မြို့၌ ဇွန် ၆ ရက်မှ ၈ ရက် အထိ ကျင်းပသည့် (၁၄)ကြိမ်မြောက် အာရှသတင်းမီဒီယာထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး
ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ တာဝန်ရှိသူများ က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်နှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (အသံလွှင့်) မှ ညွှန်ကြားရေးမှူး ဦးဇေယျာတို့ပြန်လည်လိုက်ပါလာကြသည်။(သတင်းစဉ်)

No comments:

Post a Comment