Friday, June 16, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဇွန် ၁၆
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Nikolay Listopadov အား ယနေ့ မွန်းလွဲ(၃) နာရီတွင် နေပြည်တော်ရှိ  အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင် ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
တွေ့ဆုံပွဲသို့  အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

( သတင်းစဉ် )

No comments:

Post a Comment