Friday, June 9, 2017
မီးဘေးသင့်အိမ်ထောင်စုဝင်များကို ဆန်အိတ်ထောက်ပံ့လှူဒါန်းခြင်းနှင့် နယ်မြေခံတပ်ရင်းမှ မီးဘေးသင့်နေအိမ် အပျက်အစီး များကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်
မြန်​​အောင်​     ဇွန်    
 မြန်​​အောင်​မြို့ အမှတ်(၂) ရပ်ကွက် ဇေယျတုဘူတာလမ်း မီးလောင်မှုဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ထောင်စုဝင်များကို ဇွန်လ ၉ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုအောင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးထိုက်၊ မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်းယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှု ကော်မတီဥက္ကဌ ဦးမောင်ဝင်းတို့က မီးဘေးသင့်အိမ်ထောင်စု(၃)စုတို့အား ဆန်အိတ်(၅)အိတ် ထောက်ပံ့လှူဒါန်းခဲ့ကြပြီး မီးဘေးသင့် အိမ်ထောင်စုဝင်များကို အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
အဆိုပါ မီးဘေးသင့်နေအိမ်(၂)လုံးအားနယ်မြေခံတပ်ရင်းမှ တပ်မတော်သားများက နေအိမ်အပျက်အစီးများကို ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
No comments:
Post a Comment