Saturday, June 24, 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပင်လယ်နက်ရေတပ်စခန်း ဌာနချုပ် ပြတိုက်၌ ကြည့်ရှုလေ့လာ



နေပြည်တော် ဇွန် ၂၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇွန် ၂၂ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် Sevastopol မြို့ရှိ Archestrakyigar Mehailar ခရစ်ယာန် ဘုရားကျောင်းသို့ သွားရောက်လေ့လာပြီး ဘုရားကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်ပြီးBalaklava မြို့ရှိ Fortification and Engineering Installtions Museum သို့ရောက်ရှိလေ့လာကြရာ ပြတိုက်တာဝန်ခံက ဆိုဗီယက် ခေတ်တွင် ရေငုပ်သင်္ဘောများ နျူကလီးယားဗုံးဒဏ် ခံနိုင်ရန်အတွက် တည်ဆောက်ထား ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဆိုဗီယက်ခေတ်မှ ယနေ့ကာလအထိ အသုံးပြု ခဲ့သည့် ရေငုပ်သင်္ဘောများ၏ အကြောင်းအရာများနှင့် ဥမင်တူးမြောင်းတည်ဆောက် ထားမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဥမင်တူး မြောင်းအတွင်းရှိ ပြခန်းများအား လိုက်လံကြည့်ရှုလေ့လာကြသည်။
ထို့နောက်Balaklava မြို့ကမ်းနားလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုလေ့လာ ကြပြီး Sevastopol မြို့ရှိ ပင်လယ်နက်ရေတပ်စခန်းဌာနချုပ်ပြတိုက်ကို သွားရောက် ကြည့်ရှုလေ့လာကြသည်။
အဆိုပါ ပင်လယ်နက်ရေတပ်စခန်းပြတိုက်အတွင်း ပင်လယ်နက်ရေတပ်စခန်း ဌာနချုပ်မှ ခေတ်အဆက်ဆက် အသုံးပြုခဲ့သည့် စစ်သင်္ဘောများ၊ စစ်လက်နက်ပစ္စည်း များနှင့် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment