Tuesday, June 27, 2017

ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း သြစတြေးလျနိုင်ငံ ပါလီမန် အမတ်များအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန်လ ၂၇ 
 
ပြည်သူ့လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စံရွှေဝင်းသည် သြစတြေးလျနိုင်ငံ ပါလီမန် အမတ်များအား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အားကစားနှင့် ကျန်းမာရေး ကဏ္ဍများတွင် လိုအပ်လျက် ရှိသည့် အကူအညီ များအား သြစတြေးလျနိုင်ငံ အနေဖြင့် ပံ့ပိုးထောက်ပံ့ပေးမည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံရှိ HIV ရောဂါခံစားနေရသည့် လူနာများအား ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများ၊ ဆေးဝါးထောက်ပံ့မှု အခြေအနေများနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ကော်မတီ အတွင်းရေးမှူး ဒေါက်တာ သန်းဝင်းနှင့် ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment