နေပြည်တော် ဇွန် ၂၀
ပြည်ထောင်စုနယ်မြေ၊
နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် စာရင်းစစ်ရုံးနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦသစ်ဖွင့်ပွဲ
အခမ်းအနားကို ဇွန်လ ၂၀ ရက်နေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၊ (၆)လမ်းရှိ
စာရင်းစစ်ရုံးအဆောက်အဦသစ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ
ပျဉ်းမနားမြို့နယ်စာရင်းစစ်ရုံးနှင့် ၀န်ထမ်းအိမ်ယာအဆောက်အဦသစ်အား နေပြည်တော်ကောင်စီဝင်များဖြစ်သည့်
ဦးအောင်မြင့်ထွန်း၊ ဦးတင်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန် ဒေါ်ခင်စန်းဦး နှင့် စစ်ဆေးရေးဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဒေါ်နိုင်သက်ဦးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက မြို့နယ်စာရင်းစစ်ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့
ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စာရင်းစစ်ရုံးမှ
တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
မြို့နယ်
(ပြန်/ဆက်)
No comments:
Post a Comment