တပ်ကုန်း ဇွန် ၁၆
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်း မြို့နယ် လူထုဗဟိုပြုစီမံကိန်းရေးဆွဲ
အကောင်အထည်ဖော်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ဇွန် ၁၆ ရက်နံနက် ၉နာရီက မြို့နယ်လူထုဗဟိုပြု
စီမံကိန်းရုံး၌ ကျင်းပသည်။
အခမ်းအနားတွင်
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းက
အဖွင့်အမှာစကား ပြောကြားပြီးနောက် လူထုဗဟိုပြုစီမံကိန်းအဖွဲ့ခေါင်းဆောင် ဦးခင်မောင်ဋ္ဌေးက
စီမံကိန်းတာဝန်ခံနှင့် ကျေးရွာစီမံကိန်းကော်မတီဝင်တို့ပူးပေါင်း၍ စီမံကိန်း လုပ်ငန်းဆောင်ရွက်မှု
၊ကျေးရွာအလိုက်စီမံကိန်းလုပ်ငန်းခွဲတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများ၏ လိုအပ်ချက်အရ စီမံကိန်းလုပ်ငန်းခွဲများအား အဖွဲ့လိုက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း
သိရသည်။
တပ်ကုန်းမြို့နယ်တွင်
ကျေးရွာအုပ်စု(၄၉)အုပ်စု၊ စီမံကိန်းကျေးရွာ စုစုပေါင်း(၁၈၈)ရွာ၊ ကျေးလက်လူဦးရေ (၁၈၁၃၆၂)ဦးရှိ၍ လမ်း၊ တံတား၊ ရေ၊ လျှပ်စစ်မီး၊ အဆောက်အဦတို့ကို
ကျေးရွာများ၌ အကောင်အထည်ဖော် ဆောင်ရွက်ရာ လူထုဗဟိုပြုစီမံကိန်း
(ပထမနှစ်)ထောက်ပံ့ငွေ ကျပ်(၁၇၈ဝ.ဝဝ)သန်းဖြင့် လုပ်ငန်းခွဲပေါင်း(၁၆၅)ခု၊ (ဒုတိယနှစ်)
ထောက်ပံ့ငွေကျပ် (၁၈ဝဝ.ဝဝ)သန်း ဖြင့် လုပ်ငန်းခွဲပေါင်း(၁၅ဝ)ခု ပြီးစီးပြီဖြစ်ပြီး၊
(တတိယနှစ်) ထောက်ပံ့ငွေကျပ် (၁၉၄၈.ဝဝ)သန်းဖြင့် လုပ်ငန်းခွဲပေါင်း (၁၅၈)ခုအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း
သိရသည်။
မြို့နယ်
(ပြန်/ဆက်)
No comments:
Post a Comment