Friday, June 16, 2017

အသက် (၉၀) နှင့်အထက် ဘိုးဘွားများအား ချောင်းဆုံမြို့နယ်တွင် လူမှုရေးပင်စင်များထောက်ပံ့

ချောင်းဆုံ ဇွန် ၁၆
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် လူမှုရေးဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန လူမှုဝန်ထမ်းဉီးစီးဌာနက အသက်(၉၀)နှင့်အထက် သက်ကြီးလူမှုရေးပင်စင်ထောက်ပံ့ငွေများကို ဇွန် ၁၆ ရက်နေ့ နံနက် (၁၁) နာရီက ချောင်းဆုံအရှေ့ရပ်ကွက်/ကျေးရွာများသို့ အိမ်တိုင်ရာရောက်ပေးခဲ့ကာ ချောင်းဆုံမြို့နယ်အတွင်းရှိ အသက်(၉၀)နှင့်အထက်
အဘိုးအဘွား(၆၄)ဉီးတို့အား ၂၀၁၇ ခုနှစ် ဧပြီလမှဇွန်လ သုံးလအတွက် တစ်ဉီးလျှင်ငွေကျပ် တစ်လလျှင်ငွေကျပ်(၁၀၀၀၀)ကျပ်၊ နှုန်းဖြင့် ငွေကျပ်(၃၀၀၀၀) အား ထောက်ပံ့ပေးခဲ့ပြီး ကျန်ရှိသည့် အဘိုးဘွားများအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment