မြိုင် ဇွန် ၆
မကွေးတိုင်းဒေသကြီး၊
ပခုက္ကူခရိုင် - မြိုင်မြို့နယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေးကော်မတီ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့်
အိမ်တွင်းမှု သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေး
အသိပညာပေး ဟောပြောပွဲကို ဇွန် ၆ ရက်နေ့ နံနက် ၉နာရီက မြို့နယ် အိမ်တွင်းမှု
သင်တန်းကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်လူကုန်ကူးမှု
တားဆီးကာကွယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းစိုး
(မြို့နယ် အုပ်ချုပ်ရေးမှူး)က အဖွင့်အမှာစကား ပြောကြားခြင်းနှင့် သက်ငယ်မုဒိန်းမှု
မဖြစ်စေရေး ကာကွယ်တားဆီးခြင်းလုပ်ငန်းများ
၊ အရွယ်ရောက်သူ အမျိုးသမီးငယ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ထန်လျန်မန်းက လူကုန်ကူးမှုနှင့် ပတ်သက်၍
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်ရသည့် အမှုအခင်းများ၊ စုံစမ်းစစ်ဆေးခြင်းနှင့်
လူကုန်ကူးမှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများကို
လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်နှင်းဝေလှိုင်က
လူကုန်ကူးမှုနှင့် ပတ်သက်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ ပြစ်မှုဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာကျော်သက်ခိုင်က သွားအကြောင်း
ကျန်းမာရေးသိကောင်းစရာများကိုလည်း အသိပညာပေး
ဟောပြောကြပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက
လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေကြခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်များ ပြသထားရာတက်ရောက်ကြသူများက
ငှားရမ်းလေ့လာ
ဖတ်ရှုကြကြောင်း သိရသည်။
အခမ်းအနားသို့
မြို့နယ်အုပ်ချုပ်ရေးမှူး နှင့်ဌာနဆိုင်ရာအကြီးအကဲ (၁၅)ဦး၊ အမျိုးသမီးရေးရာ ဥက္ကဋ္ဌ ဒေါ်သိုက်သိုက်ထွန်း နှင့် အဖွဲ့ဝင် (၁၂)ဦး၊ အိမ်တွင်းမှုကျောင်းဆရာမ(၇)ဦး၊ အဆင့်မြင့် စက်ချုပ်သင်တန်းသူ (၁၇)ဦး နှင့် အခြေခံအိမ်တွင်းမှု
သင်တန်းသူ ဦး (၇၀)၊ စုစုပေါင်း (၁၂၁)ဦး တက်ရောက်ကြကြောင်း သတင်းရရှိသည်။
အောင်ကျော်မြင့်
No comments:
Post a Comment