ဟိုင်ကြီးကျွန်း
ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊
ဟိုင်းကြီးကျွန်းမြို့၊ ငါးပြေမကျေးရွာအုပ်စု၊ အောက်စုကျေးရွာတွင် ဇွန်လ ၆ ရက်နေ့ နံနက်
၉ နာရီ ၃၀ မိနစ် အချိန်က ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း
သိရသည်။
အခမ်းအနားတွင်
ဟိုင်းကြီးကျွန်းမြို့ အုပ်ချုပ်ရေးမှူးဦးသက်လွင်ဦးက တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး
ကျန်းမာရေးမှူး ဦးမြင့်စိုးက ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍
ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ဌေးက ကျေးဇူးတင်စကား
ပြောကြားပြီး ဒေသခံအလှူရှင်များကို ဂုဏ်ပြုလက်မှတ်များ အသီးသီး ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျန်းမာရေးဌာနခွဲ
အဆောက်အဦသည် အလျား(၄၀)၊ အနံ(၃၀)ရှိပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊
ငပုတောမြို့နယ်၊ ကျောက်ချောင်း ကျေးလက်ကျန်းမာရေးဌာနက ၂၀၁၅-၂၀၁၆ ဘဏ္ဌာနှစ်ခွင့်ပြုငွေကျပ်သိန်း(၆၀၀)ခြောက်ရာဖြင့်
တည်ဆောက်ပြီးစီးခဲ့ပြီး ၂၀၁၇၊ ဇွန်လ ၆ ရက်နေ့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း
ကျန်းမာရေးမှူး ဦးမြင့်စိုးက ပြောကြားချက်အရ သိရသည်။
အခမ်းအနားသို့
မြို့ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံများ စုစုပေါင်း(၈၀)
ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)
No comments:
Post a Comment