Tuesday, June 27, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထံ ဖိလစ်ပိုင်သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် နီပေါနိုင်ငံ သံအမတ်ကြီးတို့ ခန့်အပ်လွှာပေးအပ်




နေပြည်တော် ဇွန် ၂၇
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ အဲဒွါဒို ကပူနန် ဂျူနီယာ သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။


အလားတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ နီပေါ ဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘော တူညီပြီးဖြစ်သော သံအမတ်ကြီး မစ္စတာ ဘင်း ကေ အူးဒက်စ် သည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင်  ၎င်း၏ သံအမတ် ခန့်အပ်လွှာကို ပေးအပ်သည်။  

အဆိုပါ သံအမတ် ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယ၀န်ကြီး ဦးကျော်တင်နှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်တို့ တက်ရောက်ကြသည်။

 (သတင်းစဉ်)

No comments:

Post a Comment