Tuesday, June 27, 2017

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၂၇
 
တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး H.E.Mr.Christian-Ludwig Weber-Lortsch အား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများ၊ မြန်မာ-ဂျာမနီ နှစ်နိုင်ငံ စစ်ရေးနှင့် မသက်ဆိုင်သည့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများတွင် ဂျာမနီနိုင်ငံမှ ကူညီဆောင်ရွက်နေမှု အခြေအနေ များအား ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးကြသည်။ 

 (သတင်းစဉ်) 

No comments:

Post a Comment