Friday, June 23, 2017

ဝါးရင်းလိပ်ပြုလုပ်ရန် ကြပ်တိုက်ရာမှ မီးလောင်မှုဖြစ်ပွား



ငါးသိုင်းချောင်း ဇွန် ၂၃
ပုသိမ်ခရိုင် ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဒေါင့်ကြီးဘက်ကျေးရွာအုပ်စု ရွှေကျောင်းပိုင်းကျေးရွာရှိ ဦးဆန်နီ(ဘ)ဦးလှမောင်(၆၁)နှစ် ၏ ဝါးဂိုဒေါင်တွင် ဇွန်လ ၂၃ ရက် နံနက် ၁၀ နာရီအချိန်က ဝါးရင်းလိပ်ပြုလုပ်ရန် ဝါးများကြပ်တိုက်ရာမှ အကျယ် ၂၀ ပေ အမြင့် ၁၅ ပေ ရှိသော အဆိုပါ ဂိုဒေါင်အား မီးစွဲလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရာသို့ ရေကြည်မြို့နယ်မှ မီးသတ်ယာဉ်(၁)စီး၊ ငါးသိုင်းချောင်းမြို့မှ မီးသတ်ယာဉ်(၁)စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၀ မိနစ်တွင် မီးညွှန့်ကျိုးခဲ့ပြီး ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ဂိုဒေါင်နှင့် ဝါးများ ဆုံးရှုံးပျက်စီးခဲ့ပြီး ဘေးပတ်ဝန်းကျင်သို့ မီးကူးဆက်လောင်ကျွမ်းမှု မရှိကြောင်းနှင့် လူနှင့်တိရိစ္ဆာန်၊ အခြားထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း သတင်းရရှိပါသည်။
စိုးမင်းဦး(ပြန်/ဆက်)

No comments:

Post a Comment