Thursday, June 15, 2017

ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ နံရံကပ်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ ခင်းကျင်းပြသ ခြင်း ဆောင်ရွက်



ပလောက်      ဇွန်     ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြိုအထိမ်းအမှတ်ဖြင့် ပလောက်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေး ဦးစီးဌာနရုံး၌ နံရံကပ်၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ ခင်းကျင်းပြသခြင်းကို ဇွန်လ ၁၄ ရက်  ညနေ  ၃နာရီ ၃၀ မိနစ်အချိန်က ပြသခဲ့ကြောင်း သိရှိရသည်။

အဆိုပါစာအုပ်ပြပွဲခင်းကျင်းပြသရာတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးစာအုပ်များ၊ မူးယစ် ဆေးဝါး အန္တရာယ် အသိပညာပေးသင်ခန်းစာလက်စွဲစာအုပ်များ၊ လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါး အန္တရာယ် စာအုပ်များ၊ မူးယစ်ဆေးဝါးနှင့်ပြည်သူ့အန္တရာယ် ဆောင်းပါးများနှင့် စာအုပ်ပေါင်း ၁၀၀ ခင်းကျင်းပြသ ခဲ့ရာ ကျောင်းသူ/ကျောင်းသားများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ လာရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။
ပလောက်(ပြန်/ဆက်)

No comments:

Post a Comment