Friday, June 16, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ ကျင်းပ


နေပြည်တော်     ဇွန်   ၁၆
၂၀၁၇ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော် ဥတ္တရခရိုင် ဇေယျာသီရိမြို့နယ် မအူတောကျေးရွာအုပ်စု မအူတောကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ထန်းတပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နေပြည်တော်တိုင်း ဒုတိယညွန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူးဒေါ်မြစန်းရီက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှု ဆိုးကျိုးများအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။        ဆက်လက်၍ ကျောင်းသားကျောင်းသူလေးများ မှတ်ဥာဏ်စွမ်းရည်မြင့်မားစေရန် ဟောပြောခဲ့သည့် အကြောင်းအရာအချို့ကို ပြန်လည်မေးမြန်းပြီး ဒုတိယညွန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ပြီး ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူလေးများက မူယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်နှင့် နံရံကပ်ဓါတ်ပုံများအား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်

No comments:

Post a Comment