Monday, June 12, 2017

ကိုယ်ပိုင်သစ်ပင်များ စိုက်ပျိုးလိုသည့်ပြည်သူများသို့ ပျိုးပင်များ အခမဲ့ဖြန့်ဝေပေးလျက်ရှိ

မုံရွာ    ဇွန်    ၁၂
စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှကြီးမှူးပြီး သစ်ပင်စိုက်ပျိုးလိုသည့် ပြည်သူများသို့ ပျိုးပင်များကို ဇွန်လ(၁၁)ရက်နေ့ နံနက်(၈)နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခတ္တက္ကန်တောင်ကျေးရွာရှိ ဗောဓိတထောင် သာသနာ့နယ်မြေတွင်  အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သစ်တော၊ သစ်ပင်များပြန်လည်ထူထောင်ရေးတွင် ပြည်သူတစ်ရပ်လုံးဝိုင်းဝန်းပါဝင်သည့် အသိပညာရရှိစေရန်၊ ကိုယ်တိုင်သစ်ပင်စိုက်ပျိုးလိုသည့် ပြည်သူများ အလွယ်တကူ စိုက်ပျိုးနိုင်စေရန်၊ သစ်ပင်များကို ပြုစုပျိုးထောင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် တိုင်းဒေသကြီးသစ်တောဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် လိုက်လံဖြန့်ဝေပေးခြင်း ဖြစ်ကြောင်း သိရသည်။
''သစ်တော၊ သစ်ပင်တွေ ပြုန်းတီးမှုကြောင့် အခုအချိန်မှာ ရာသီဥတုတွေ ဖောက်ပြန်နေတာကို ကာကွယ်နိုင်ရန်၊ သစ်တောသစ်ပင်ကို ချစ်ခင်မြတ်နိုးတတ်စေရန် အလေ့အကျင့်ကောင်းတွေ ရရှိစေဖို့အတွက် ဝန်ထမ်းတွေက သစ်ပင်စိုက်ပျိုးလိုတဲ့ ပြည်သူတွေက ပျိုးပင်တွေအား အခမဲ့လိုက်လံဖြန့်ဝေပေးတာပါ၊ သစ်ပင်တွေစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုမယ်၊ ထွက်ရှိလာတဲ့သစ်တွေကိုလည်း စည်းကမ်းတကျအသုံးပြုတဲ့ အသိပညာတွေရရှိစေဖို့အတွက် ရည်ရွယ်ဖြန့်ဝေပေးတာပါ၊ ထပ်ပြီးစိုက်ပျိုးလိုတဲ့ပြည်သူတွေအနေနဲ့လည်း သက်ဆိုင်ရာ မြို့နယ်တွေက သစ်တောဦးစီးဌာနမှာ ထုတ်ယူနိုင်ပါတယ်''ဟု တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်အရ သိရသည်။
အဆိုပါပျိုးပင်များ အခမဲ့ဖြန့်ဝေပေးရာတွင် သစ်ပင်စိုက်ပျိုးလိုသည့်ပြည်သူများသို့ တမာ(၃ဝဝ)ပင်၊ မန်ကျည်း(၃ဝဝ)ပင်၊ ကုက္ကိုလ်(၃ဝဝ)ပင်၊ စိန်ပန်း(၃ဝဝ)ပင်၊ လျှော်ဖြူ(၃ဝဝ)ပင် စုစုပေါင်း (၁၅ဝဝ)ပင်ကို ဖြန့်ဝေပေးခဲ့ကြောင်းနှင့် တစ်အုပ် တမစိုက်ပျိုးလိုသည့်ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနရှိ ပျိုးခြံများတွင်  စိုက်ပျိုးမည့် ပျိုးပင်များကို သွားရောက်ထုတ်ယူနိုင်ကြောင်း သတင်းရရှိသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment