Thursday, June 22, 2017

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီးအား တွေ့ဆုံ

နေပြည်တော် ဇွန် ၂၂
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံသံအမတ်ကြီး H.E. Mr. Pier Giorgio ALBERTI နှင့် အီတလီနိုင်ငံအခြေစိုက် Danieli ကုမ္ပဏီမှ တာဝန် ရှိသူများအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် အီတလီနိုင်ငံအကြား ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများ၊ Danieli ကုမ္ပဏီမှ မြင်းခြံမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် သံမဏိစက်ရုံ စီမံကိန်း ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment