Saturday, June 3, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဦး၏ ကျန်းမာရေးအခြေအနေ သွားရောက် ကြည့်ရှုအားပေး

ရန်ကုန် ဇွန် ၃
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နှလုံးအထူးကြပ်မတ်ကုသဆောင်၌ ဆေးဝါးကုသမှုခံယူနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေကို သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုနှင့် တာဝန်ရှိသူများက ဦးတင်ဦး၏ လက်ရှိကျန်းမာရေး အခြေအနေနှင့် တိုးတက်လာမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး နှလုံးနှင့် သွေးကြောရောဂါ ခွဲစိတ်ကုဌာနတွင် ဆေးဝါးကုသမှုခံယူနေကြသည့် ဝေဒနာရှင်ပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကား ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးသည် ဦးနှောက်သွေးကြောပိတ်ပြီး ကိုယ်တစ်ခြမ်း လေဖြတ် ရောဂါ ခံစားရသဖြင့် မေ ၁၈ ရက်မှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ဆေးဝါးကုသမှု ခံယူနေခြင်း ဖြစ်သည်။ လက်ရှိကာလတွင် သတိကောင်းစွာရရှိပြီး လေဖြတ်ထားသည့် ခန္ဓာကိုယ်အခြမ်းသည် လှုပ်ရှားလာ နိုင်သည့်အပြင် အပျော့စား အစားအစာများကိုလည်း စားသုံးနိုင်သည်အထိ ကျန်းမာရေးတိုးတက်မှု ရှိလာ ကြောင်း သိရသည်။
ထို့အပြင် ပုံမှန်အားဖြင့် နာရီဝက်ခန့်ထိုင်နိုင်ပြီဖြစ်၍ ဆီးပိုက်ကိုလည်း ဖြုတ်ထားနိုင်ပြီဖြစ်ကြောင်း၊ သို့သော် စကားပီသစွာ ပြောဆိုနိုင်ရေးနှင့် လေဖြတ်ထားသည့် ခန္ဓာကိုယ်အခြမ်း ပုံမှန်လှုပ်ရှား နိုင်ရေးတို့အတွက် လေ့ကျင့်ခန်းများ ဆက်လုပ်သွားရန် လိုအပ်ကြောင်း သိရသည်။

(သတင်းစဉ်

No comments:

Post a Comment