Tuesday, June 27, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဖယ်ခုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးကို ကြည့်ရှုစစ်ဆေး


ဖယ်ခုံ  ဇွန် ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက် ၁၀ နာရီတွင် ဖယ်ခုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး ၀န်ထမ်းများနှင့် တွေ့ဆုံသည်။



ပြည်ထောင်စုဝန်ကြီးသည် ဖယ်ခုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး စာကြည့်တိုက် ခန်းမအတွင်း ခင်းကျင်း ပြသထားသော ဒေသခံတိုင်းရင်း သားများ၏ ရိုးရာအသုံး အဆောင်ပစ္စည်းများ၊ စာကြည့်တိုက်နှင့် ကလေးစာဖတ်ခန်း ဆောင်ရွက်ထားရှိမှု တို့ကို ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၀န်ထမ်းများနှင့် တွေ့ဆုံ၍ စာကြည့်တိုက်နှင့် ရုံးဌာနများကို အများပြည်သူ စဉ်ဆက်မပြတ် ၀င်ထွက်သွားလာသည့် နေရာ၊ ပြည်သူများနှင့် အကျွမ်းတ၀င်ရှိသည့် နေရာများ ဖြစ်လာစေရေး ဆောင်ရွက်ရန်၊  စာပေဗဟုသုတများ လေ့လာဖတ်ရှုရန်၊ မိမိတို့၏ စွမ်းရည်များ မြင့်မားစေရေး ဆောင်ရွက်ရန်နှင့် လုပ်ငန်းများ  ကြိုးစား ဆောင်ရွက်ရန်  မှာကြားခဲ့သည်။

ကိုထွေး(ဖယ်ခုံ)
မောင်မောင်ထွေး(ပြန်/ဆက်)

No comments:

Post a Comment