Sunday, June 11, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် 2017 Edition of the Oslo Forum သို့တက်ရောက်ရန် နော်ဝေနိုင်ငံသို့ထွက်ခွာ


ရန်ကုန် ဇွန် ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် နော်ဝေနိုင်ငံ အော်စလိုမြို့အနီး Losby Manor တွင် ဇွန် ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပမည့် 2017 Edition of the Oslo Forum  သို့တက်ရောက်ရန် ယနေ့ ည ၇ နာရီ ၄၅ မိနစ် တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော် လိုက်ပါသွားသည်။ (သတင်းစဉ်)

No comments:

Post a Comment