Monday, May 22, 2017

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် မေ ၂၂
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ၀ဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဦးအောင်စိုး၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဦးမျိုးဝင်း၊ စိုင်းလ၊ ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ခွန်မြင့်ထွန်း၊ စောမြရာဇာလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျာဦး၊ ဒေါက်တာလှဖေ၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) သို့တင်ပြမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့၏ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment