Saturday, May 6, 2017

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် UNESCO မှ တာဝန်ရှိသူများ တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

ပုဂံ၊ မေ ၆
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် UNESCO မှ တာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို မေ ၅ ရက် မွန်းလွဲ (၂)နာရီက ပုဂံရှေးဟောင်း သုတေသနပြတိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က အဖွင့်အမှာစကားပြောကြားကြပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးတို့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ UNESCO Yangon Project Office၊ Head of Office မှ Ms.Min Jeong Kim က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေး စီမံခန့်ခွဲမှု လုပ်ငန်းနှင့်ပတ်သက်၍ရှင်းလင်း တင်ပြပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများက အထွေထွေဆွေးနွေးကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီ:ဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)  

No comments:

Post a Comment