Saturday, May 6, 2017

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Luan Thuy Duong တွေ့ဆုံ

နေပြည်တော် မေ ၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုသည် ဗီယက်နမ်နိုင်ငံသံအမတ်ကြီး H.E. Dr. Luan Thuy Duong အား မေ (၃) ရက်တွင် ရုံးအမှတ်(၃၅)ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ဗီယက်နမ်ဆက်ဆံရေး ရုံးခန်းဖွင့်လှစ်သည့် နှစ် (၇၀) ပြည့် အထိမ်းအမှတ်နှင့် မြန်မာ-ဗီယက်နမ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၄၂) နှစ် ပြည့်အထိမ်းအမှတ်အဖြစ် ယဉ်ကျေးမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရေးနှင့် နှစ်နိုင်ငံအကြားတည်ရှိနေသော ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းလှုပ်ရှားမှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment