Monday, May 15, 2017

ပြည်ထောင်စုရှေ့နေချုပ်က UNDP မှ အဖွဲ့ခေါင်းဆောင် Ms.Emma Morly နှင့် အဖွဲ့အား တွေ့ဆုံ


နေပြည်တော် မေ ၁၅
 
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် UNDP မှ အဖွဲ့ခေါင်းဆောင် Ms.Emma Morly နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။


တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေ စိုးမိုးရေးဌာနနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား လည်းကောင်း၊ Ms.Emma Morly က ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးပြောကြားသည်။ 

ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ်က တရားဥပဒေ စိုးမိုးရေးဌာနများ တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ရေး အဖွဲ့ခွဲများအား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ယခုရက်ပိုင်းအတွင်း ဖွဲ့စည်းနိုင်ရေးအတွက်  ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းအဖွဲ့များ အနေဖြင့် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် တရားစီရင်ရေးကဏ္ဍ တိုးတက်ရေးကို ပေါင်းစပ် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အတွင်းရှိ ဥပဒေဆိုင်ရာ အထောက်အကူပြု အဖွဲ့စည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။     

 (သတင်းစဉ်)

No comments:

Post a Comment