Friday, May 12, 2017

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Save Myanmar Film Project Team အဖွဲ့နှင့် မြန်မာ ဘာသာပြန် စာပေကွန်ယက်အဖွဲ့တို့အား လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် Save Myanmar Film Project Team အား ယနေ့ မွန်းလွဲ(၂)နာရီတွင် လည်းကောင်း၊ မြန်မာဘာသာပြန်စာပေကွန်ယက်အဖွဲ့အား မွန်းလွဲ (၃)နာရီတွင် လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Save Myanmar Film Project Team နှင့် တွေ့ဆုံစဉ် အဆိုပါအဖွဲ့မှ ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များ၊ မြန်မာ့ရုပ်ရှင်ဇာတ်ကားဟောင်းများအား တိုးတက်လာသည့် နည်းပညာများအသုံးပြု၍ ထိန်းသိမ်း နိုင်မည့် အခြေအနေများနှင့် ဖလင်ပိဋကတ်တိုက် အဆင့်မြှင့်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။
မြန်မာဘာသာပြန်စာပေကွန်ယက်အဖွဲ့နှင့် တွေ့ဆုံစဉ် မြန်မာဘာသာပြန်စာပေ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ကွန်ယက်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စရပ်များ၊ စာပေ အဖွဲ့ အစည်းများ အားလုံးပါဝင်သော စာပေညီလာခံတစ်ရပ် ကျင်းပရေးနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။

 (သတင်းစဉ်)

No comments:

Post a Comment