Friday, May 12, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် International Committee of the Red Cross (ICRC) ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ


နေပြည်တော် မေ  ၁၂
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျီနီဗာမြို့အခြေစိုက် International Committee of the Red Cross (ICRC) ဥက္ကဋ္ဌ Mr. Peter Maurer ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများပေးအပ်ရေးကိစ္စ၊ မြန်မာနိုင်ငံနှင့် ICRC အကြား ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာ မြင့်ထွေး၊ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment