Friday, May 12, 2017

ပခုက္ကူမြို့နယ်အတွင်းရှိ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်

ပခုက္ကူ  မေ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းမေလ၇ရက်က လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးခဲ့ သည့် ကျေးရွာ၊ အုပ်စုနှင့် ရပ်ကွက်နေအိမ်များအတွက် ပခုက္ကူခရိုင်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲကို မေလ ၁၂ ရက် နံနက် ၁၀နာရီက ပခုက္ကူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပခဲ့သည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာ(၈၇)ရွာနှင့်ကမ္မမြို့ ရပ်ကွက်(၁၀)ရပ်ကွက်ရှိ စသည့် ဒေသခံပြည်သူများ၏ နေအိမ်များပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေ နိုင်စေရန် အိမ်ပြိုလဲ(၂၆၃) လုံးအတွက် တစ်အိမ်ထောင်လျှင်ကျပ်(၁)သိန်း၊ အမိုးလန်အိမ်(၂၁၂) လုံးအတွက် တစ်အိမ်ထောင် လျှင် ကျပ်(၂)သောင်း စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်(၄၃၄၆၀၀၀၀)နှင့် ကျားလုံချည်၊ မလုံချည်၊ တဘက်၊ ဆပ်ပြာ၊ ခြင်ထောင်၊ စောင်၊ တီရှပ်၊ ဇလုံ၊ ဒန်အိုးစသည့် ပစ္စည်း(၉)မျိုးထောက်ပံ့ ပေးအပ်ပြီး ဆန်ရိက္ခာ(၇)ရက်စာအတွက် လေးဦးလျှင် ငွေကျပ်(၂၁၀၀) စုစုပေါင်း ကျပ်(၁၃၃၇၂၈၀၀)ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်/ဆက်

No comments:

Post a Comment