Monday, May 15, 2017

အငြိမ်းစားလစာများကို မိုဘိုင်းဖုန်းဖြင့် ထုတ်ယူနိုင်သည့် Mobile Payment လုပ်ငန်းဆောင်ရွက်

နေပြည်တော် မေ ၁၄
MPT, MECTeL Sim Card အသုံးပြုသူ အငြိမ်းစားများ၏ အငြိမ်းစား လစာများကို မိုဘိုင်းဖုန်းဖြင့် ထုတ်ယူနိုင်သည့် Mobile Payment ဝန်ဆောင်မှုလုပ်ငန်းကို မြန်မာ့စီးပွား ရေးဘဏ်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း၊ အင်းဝဘဏ် လီမိတက်၊ Myanmar Mobile Money (MMM)တို့အကျိုးတူပူးပေါင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားများသည် မိုဘိုင်း ဝန်ဆောင်မှုစနစ် ချိတ်ဆက်ထားပြီး ဘဏ်သို့ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် Standing Instruction ပေးထားခြင်းဖြင့် ဘဏ်သို့အကြိမ်ကြိမ် လာရောက်ရန်မလိုဘဲ ကိုယ်တိုင် အငြိမ်းစား လစာထုတ်ယူခြင်းဖြစ် ပါက ခြောက်လတစ်ကြိမ်၊ မိသားစု အငြိမ်းစား လစာထုတ်ယူခြင်း ဖြစ်ပါက သုံးလတစ်ကြိမ် လူတွေ့စစ်ဆေး ခံကာ နီးစပ်ရာ မြန်မာ့စီးပွားရေး ဘဏ် ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း ၂၆၂ ဘဏ်ရှိ Point of Sale (POS) စက်တွင် လည်းကောင်း (သို့မဟုတ်)MMM က ခန့်အပ်ထားသော ပြင်ပအေးဂျင့်များရှိ POS စက်တွင် လည်းကောင်း လွယ်ကူ အဆင်ပြေစွာ အငြိမ်းစားလစာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment