Monday, May 15, 2017

မစ္စတာ ဟက်တာ ကော်န်ဒီအယ်လ်မေးဒါးအား မြန်မာနိုင်ငံဆိုင်ရာ ကျူးဘားသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီ

နေပြည်တော် မေ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ကျူးဘားသမ္မတနိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာ ဟက်တာ ကော်န်ဒီ အယ်လ် မေးဒါးအား ခန့်အပ်ရန် ကျူးဘားသမ္မတနိုင်ငံ အစိုးရမှ အဆိုပြုလာခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက သဘောတူညီပြီးဖြစ်သည်။

Mr. Hector Conde Almcida ကို ၁၉၆၃ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ ၄င်းသည် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့ရှိ Carlos III တက္ကသိုလ်မှ ဥရောပသမဂ္ဂဥပဒေဖြင့် မဟာဘွဲ့ကိုရရှိထားသူဖြစ်ပါသည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ သိပ္ပံ၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးဌာန၏ နျူကလီးယားသိပ္ပံရေးရာအတွင်း ရေးမှူးချုပ်ရုံးတွင် အထူးကျွမ်းကျင်အရာရှိ အဖြစ်လည်းကောင်း၊ ၁၉၉၅ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲတွင် ဌာနအကြီးအကဲအဖြစ်လည်းကောင်း၊ ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျူးဘားသံရုံးတွင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် သိပ္ပံ/နည်းပညာဆိုင်ရာ ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ သိပ္ပံ၊ နည်းပညာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဦးစီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း တာဝန်အသီးသီး ထမ်းဆောင်ခဲ့ပါသည်။ မစ္စတာ ဟက်တာ ကော်န်ဒီ အယ်လ်မေးဒါးသည် စပိန်ဘာသာစကားအပြင် အင်္ဂလိပ်ဘာသာ စကားနှင့် ရုရှားဘာသာစကားတို့ကို တတ်ကျွမ်းသည်။
မစ္စတာ ဟက်တာ ကော်န်ဒီအယ်လ်မေးဒါးသည် ဗန်ကောက်မြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကျူးဘားသံ အမတ်ကြီးအဖြစ် ပူးတွဲတာဝန်ထမ်းဆောင်မည်ဖြစ်သည်။

(သတင်းစဉ်)

No comments:

Post a Comment