Wednesday, May 24, 2017

ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr.Paul R. Seger အား တွေ့ဆုံ



နေပြည်တော် မေ ၂၄ 
  
ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးတင်ထွန်းနိုင်သည် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr.Paul R. Seger အား ယနေ့ ညနေ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-7) အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ 

တွေ့ဆုံစဉ် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတည်တံ့ခိုင်မြဲရေး၊ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ တိုးတက်မြင့်မား လာရေး တို့အတွက် ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး၊ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းဆိုင်ရာ ဥပဒေများနှင့် စပ်လျဉ်းပြီး နိုင်ငံတကာ အတွေ့အကြုံများနှင့် နှိုင်းယှဉ် သုံးသပ်ပြီး အကြံဥာဏ်ကောင်းများ ဖလှယ်နိုင်ရေးတို့ကို ဆွေးနွေးကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment