Tuesday, May 23, 2017

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အီတလီနိုင်ငံ သံအမတ်ကြီး H.E. Mr. Pier Gior gio ALIBERTI အား လက်ခံတွေ့ဆုံ



နေပြည်တော် မေ ၂၃
ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံဆိုင်ရာ အီတလီ သံအမတ်ကြီး H.E. Mr. Pier Gior gio ALIBERTI အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အီတလီ-မြန်မာ ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြုရေး လုပ်ငန်းစဉ်များနှင့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment