Friday, May 5, 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အီတလီဝန်ကြီးချုပ် H.E. Mr. Paolo Gentiloni က ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို



ဗြိတိန် (လန်ဒန်) မေ ၅

 ရောမမြို့၌ တရားဝင်ခရီးရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အီတလီဝန်ကြီးချုပ် H.E. Mr. Paolo Gentiloni က ယမန်နေ့ ညနေပိုင်းတွင် ရောမမြို့ရှိ ၀န်ကြီးချုပ်ရုံး၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။


ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အီတလီဝန်ကြီးချုပ်တို့သည် ၀န်ကြီးချုပ်ရုံး၌ တွေ့ဆုံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် ရေး၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ ရင်းနှီးမြှပ့်နှံမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ အီတလီနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးနှင့် ဦးမြင့်နောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ဒေသစံတော်ချိန် ည ၇ နာရီတွင် အီတလီနိုင်ငံ ရောမမြို့ Fiumicino အပြည်ပြည်ဆိုင် ရာလေဆိပ်မှ လေကြောင်းခရီးဖြင့်ထွက်ခွာခဲ့ကြရာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ဒေသ စံတော်ချိန် ည ၉ နာရီ ၁၀မိနစ်တွင် ရောက်ရှိကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ အထူးကိုယ်စားလှယ်Mr.Bill Henderson ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Patrick နှင့် တာဝန်ရှိသူ များက ဟီးသရိုးလေဆိပ်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ခေတ္တတည်းခိုမည့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ Dorchester Hotel သို့ရောက်ရှိကြသည်။

No comments:

Post a Comment