Friday, May 5, 2017

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်‌ ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ်များအားလက်ခံတွေ့ဆုံ





နေပြည်တော်၊ မေ ၅

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်‌ သည် ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ်  Hon. Ms. Yoko KAMIKAWA ၊ Hon. Mr. Akira SATO နှင့် Hon. Mr. Teru FUKUI တို့အား ယနေ့ မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကဏ္ဍများတွင် ဂျပန်နိုင်ငံ က ကူညီဆောင်ရွက် ပေးနေမှုများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးကိစ္စရပ်များ၊ ဂျပန် - မြန်မာနှစ်နိုင်ငံ လွှတ်တော်များ အကြားချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဦးတီခွန်မြတ်၊ ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်‌ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment