Tuesday, May 30, 2017

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တူရကီသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Kerem Divanlioglu အား လက်ခံတွေ့ဆုံ


နေပြည်တော် မေ ၃၀  
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ တူရကီ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Kerem  Divanlioglu   အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင်  နေပြည်တော်ရှိ  အမျိုးသားလွှတ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။

 တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။           

တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်  အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment