Wednesday, May 31, 2017

နှစ်နိုင်ငံအကြား လေကြောင်းဆိုင်ရာ၊ ပညာရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများ ဆွေးနွေး


နေပြည်တော် မေ ၃၀
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တူရကီနိုင်ငံ သံအမတ်ကြီး H.E.Mr. Kerem Divanlioglu  အား လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် သံအမတ်ကြီးက မြန်မာ နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များကို စိတ်ဝင်စားပါကြောင်း၊ တပ်မတော် စစ်သမိုင်းပြတိုက်သို့ ရောက်ရှိလေ့လာစဉ် ပထမ မြန်မာနိုင်ငံတော် ထူထောင် ခဲ့သည့် အနော်ရထာမင်းလက် ထက်ရှေးနှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကပင် မြန်မာ-တူရကီနှစ်နိုင်ငံ၏ ရပ်တည်မှု၊ ဆက်ဆံမှုများရှိခဲ့ကြောင်း၊ ယဉ်ကျေးမှု နှင့်လူမှုရေးဆိုင်ရာ တူညီသည့်သမိုင်း ကြောင်းများရှိသည်ကိုလည်း တွေ့ရှိရပါ ကြောင်း ပြောကြား၍ လက်ရှိ နှစ်နိုင်ငံ အကြား လေကြောင်းဆိုင်ရာ၊ ပညာရေး နှင့် ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေသည့် အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ပူးပေါင်းဆောင် ရွက်နိုင်မည့်အခြေအနေများ၊ တူရကီ နိုင်ငံ၌ နိုင်ငံတော်ကာကွယ်ရေးဆောင် ရွက်ရာတွင် ရင်ဆိုင်နေရသည့် အကြမ်း ဖက်မှုကိစ္စရပ်များ၊ နိုင်ငံ၏လုံခြုံရေး၊ ဒီမို ကရေစီရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှုများ လုပ်ဆောင်ရာတွင် ပြင်ပပယောဂဝင် လာပါက အခက်အခဲများတွေ့ရှိနိုင်မှု အခြေအနေများကို ဆွေးနွေးသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က မြန်မာနိုင်ငံနှင့် တူရကီနိုင်ငံသည် အလှမ်းကွာဝေးသော်လည်း မိတ်ဆွေ နိုင်ငံများဖြစ်ကြောင်း၊ ရှေးယခင်တူရကီ အင်ပါယာမှာ များစွာကြီးမားကျယ်ပြန့် ပြီး ယဉ်ကျေးမှုအရ၊ နည်းပညာ အရ၊ စီးပွားရေးအရ မြင့်မားသည်ကို လေ့လာ သိရှိရပါကြောင်း၊ လက်ရှိအခြေအနေ တွင်လည်း နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက် မှုနှင့်ပတ်သက်၍ နယ်ပယ်များစွာရှိ ကြောင်း၊ တချို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများတွင် နောက်ကွယ်မှ ကိစ္စရပ်များ ပါဝင်မှုများရှိနေသည်ကို တွေ့ရှိရ၍ သိရှိလုပ်ဆောင်ရန်လိုအပ် ကြောင်း၊ အကြမ်းဖက်မှုကာကွယ် တားဆီးရေးလုပ်ငန်းများမှာလည်း တစ် နိုင်ငံတည်း လုပ်ဆောင်၍မရသဖြင့် တပ်မတော် နှစ်ရပ်အကြား အကြမ်းဖက် မှုဆိုင်ရာများတွင် အပြန်အလှန်သတင်း ဖလှယ်ရယူ၍ ပူးပေါင်းဆောင်ရွက် နိုင်ကြောင်း၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ဆက်သွယ်မှုလမ်းကြောင်းများ ယခုထက် ပိုမိုတိုးမြှင့်လုပ် ဆောင်သွား မည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးသည်။

ယင်းနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးဖော်ဆောင်မှုလုပ်ငန်းများနှင့် ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး ဆောင် ရွက်ခဲ့မှု၊ ရခိုင်ဒေသ တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်နေမှု၊ တူရကီနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ရပ်တည် လုပ်ဆောင်နေမှု အခြေအနေများ၊ အဓိက အားဖြင့် စာရင်းဇယားပြုစုပြီး စိစစ်နိုင် ရေးအတွက် နားလည်လက်ခံလိုက်ပါ လုပ်ဆောင်ရန် လိုအပ်မှု၊ ရိုးသားမှုနှင့် ယုံကြည်မှုအပေါ်တွင် အခြေခံလုပ် ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိနိုင် ကြောင်းတို့အား အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။

No comments:

Post a Comment