Tuesday, May 30, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်အား နယ်သာလန်နိုင်ငံ Free Press Unlimited မှ မူဝါဒရေးရာ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ လာရောက် တွေ့ဆုံ



နေပြည်တော် မေ ၂၉
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်အား နယ်သာလန်နိုင်ငံ Free Press Unlimited မှ မူဝါဒရေးရာ ညွှန်ကြားရေးမှူး Mr. Leon Willems နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြန်ကြားရေး ဝန်ကြီးဌာန၏ မီဒီယာကဏ္ဍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုများ၊ လွတ်လပ်စွာ ဖော်ထုတ် ပြောဆိုခွင့်နှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများ၊ Community Radio အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံကိန်းများ၊ ဒစ်ဂျစ်တယ် မီဒီယာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစီအမံများနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment