Sunday, May 28, 2017

ဒလမြို့နယ် ဝဲကြီးကျေးရွာ မူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာပေးရေးဌာနသို့ လွဲပြောင်းပေးအပ်

ဒလ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ် သမ္ဗန်ချောင်းကျေးရွာအုပ်စု ဝဲကြီးကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း "ပညာပြည့်လျှံ" ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွဲပြောင်းပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မူလတန်းကျောင်းဆောင်သစ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေး၊ မြို့နယ်ပညာရေးမှူး ဦးအောင်နိုင်စိုးနှင့် ကျောင်းဆောင်သစ် အလှူရှင်များဖြစ်ကြသည့် ဦးတင်မောင်မြင့်+ဒေါ်မြင့်မြင့်အေး (ပြည့်လျှံပညာရေးဝန်ဆောင်မှု) မိသားစုတို့မှ  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် ပညာရေးမှူးတို့က ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ပြီး ဂုဏ်ပြုလက်မှတ်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများအား အလှူရှင်များကို ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝဲကြီးကျေးရွာရှိ ယခင်အခြေခံပညာ မူလတန်းကျောင်းဆောင်မှာ နိုင်ငံတော်အစိုးရမှ တည်ဆောက်ထားသော အလျားပေ (၆ဝ)၊ အနံပေ(၃ဝ)ရှိ တစ်ထပ်ကျောင်းဆောင်မှာ ရာသီဉတုကြောင့် ယခုအခါ ပျက်စီးနေလျက်ရှိရာ အန္တရာယ်ရှိသည့် အခြေအနေသို့ ဖြစ်ပေါ်နေသောကြောင့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ပညာသင်နှစ်အတွင်းက စာသင်ကြားလျက်ရှိသော ဆရာ/ဆရာမ များနှင့် ကျောင်းသား/ ကျောင်းသူများ၏ မိဘများမှာ စိုးရိမ်းလျက်ရှိကြကြောင်း၊ ယခုအခါ စေတနာအလှူရှင် မိသားစုတို့မှ အလျား ပေ ၆ဝ၊ အနံ ပေ ၃ဝ ရှိ စာသင်ခန်း (၃)ခန်းတွဲပါ စုစုပေါင်း ကုန်ကျငွေ ကျပ်သိန်း(၃၅ဝ)ခန့်တန်ဖိုးရှိ "ပညာပြည့်လျှံ" တစ်ထပ်ကျောင်းဆောင်သစ်ကြီးကို ကျောင်းဖွင့်ရာသီအမှီ တည်ဆောက်လှူဒါန်းခြင်းကြောင့် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိကြောင်း  ကျောင်းအုပ်ဆရာကြီး ဦးဌေးညွှန့် ကပြောကြားခဲ့သည်။ အဆိုပါ ဝဲကြီးကျေးရွာတွင် အိမ်ထောင်စု (၁၅၃) စု၊  လူဦးရေ (၆ဝဝ) ကျော်ရှိပြီး စာသင်ကျောင်း၌ ပညာသင်ကြားနေသော  KG တန်းမှ  စတုတ္ထတန်း အထိ ကျောင်းသား၊ ကျောင်းသူ (၄၄) ဦး ရှိပြီး ဆရာ/ဆရာမ(၄)ဦးဖြင့် သင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

No comments:

Post a Comment